ပင်မ သတင်းနှင့်ဗဟုသုတ တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ
images
အိမ်ခြံမြေဗဟုသုတ
0 comment
2024-03-29

တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

အင်ဂျင်နီယာဌာန(အ​ဆောက်အအုံ)မှ ထုတ်ပေးထားသော အ​ဆောက်အအုံ နေထိုင်ခွင့် စာချုပ် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ တိုက်ခန်းနေရာချထားခြင်း လက်မှတ်မူရင်း
တိုက်ခန်းလွှဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်
သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်
လွှဲပြောင်း၊ လက်ခံသူ၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထား​သော နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
လွှဲပြောင်း၊ လက်ခံသူ၏ လိုင်စင်ဓါတ်ပုံ(၂)ပုံ
လွှဲပြောင်း၊ လက်ခံသူ၏ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထား​သော အိမ်ထောင်စုစာရင်းမိတ္တူ
တိုက်ခန်းလွှဲပြောင်းသူ၏ အမည်လွှဲပြောင်းခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ၀န်ခံကတိပြုချက်