
ပါမစ် #အတု ရဲ့ အင်္ဂါရပ်လေးတွေ
ဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။
♦️အခုလက်ရှိ ပါမစ်တွေကတော့ ဝယ်လိုက် အမြတ်နည်းနည်းရရင် ပြန်ရောင်းလိုက်နဲ့ သူ့ဘာသူတော့လည်ပတ်နေတာပါဘဲ။အခြားမြေအမျိုးအစားတွေထက်လည်း အရောင်းသွက်တဲ့ မြေအမျိုးအစားတစ်ခုဖြစ်နေပါတယ်။အဲတော့ အရောင်းသွက်တဲ့ မြေတစ်ခုဖြစ်တဲ့ပါမစ်မြေကို အဝယ်မမှားအောင် သိထားစေချင်ပါတယ်။
♦️အတု ကိုအကြမ်းအားဖြင့် (၃) မျိုး ရှိပါမယ်။
♦️နံပတ် (၁)အနေနဲ့ကတော့ လုပ်ရိုးလုပ်စဥ်အတိုင်း စာရွက်အတုရိုက်၊ တံဆိပ်အတုထု၊ လက်မှတ်အတုထိုး ထားတဲ့ ပါမစ်မျိုးဖြစ်ပါတယ်။
♦️နံပတ်(၂)အနေနဲ့ကတော့ မြိုနယ်မြေနဲ့အခွန်ဌာနခွဲမှာ စာရင်းမဝင်သေးရင် ခေတ်အခေါ် အင်ထရီ မဝင်သေးရင် လက်ထဲမှာ ပါမစ်က (၂ )ခုရှိတတ်တယ်လို့ ဆိုပါတယ်။ ဒီအခါမှာ တစ်စောင်က မသမာသူလက်ထဲရောက်သွားခဲ့ရင် နှစ်ခါရောင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်အင်ထရီ ဝင်/မဝင် အသေအချာ စစ်ကြခြင်းဖြစ်ပါတယ်။
♦️နံပတ်(၃)အမျိုးအစားကတော့ မိတ္တူကူး ၊ Scan ဖတ်ခြင်းပါ။ အီလက်ထရောနစ် စက်ပစ္စည်းတွေခေတ်မှီတိုးတက်လာတဲ့အတွက် မူရင်းနဲ့မခြား မိတ္တူပွားတဲ့သဘောပါ။ ဒါပေမဲ့ထူးခြားတာက မူရင်းစာရွက်နဲ့ မတူတဲ့အချက်ပါ။ စာရွက်သားမတူသလို မင်ကျမင်န လည်းမတူပါဘူး။ ဒါပေမဲ့ အမှတ်တမဲ့ဆို မခွဲနိုင်ပါဘူး။မကြာခဏလည်း ရောင်းမှားဝယ်မှား ဖြစ်ကြပါတယ်။ တစ်ခါတစ်လေလည်း မြေကွက်ရှင်တစ်ဦးဦးကို မိတ္တူပေးပြီး ရောင်းပေးဖို့အပ်ထားရာက သူလည်းရောင်း၊ ကိုယ်လည်းရောင်း ဆုံတတ်လို့ မိတ္တူနဲ့စပ်တဲ့သူကို အတုရောင်းတယ်လို့လည်း မှားတတ်ကြပါတယ်။မှားတတ်တာတွေကတော့ အများကြီးရှိပါတယ်။သို့သော် ယခုဖော်ပြသော အကြောင်းအရာအပေါ်မှာ ရောင်းမှားဝယ်မှားမဖြစ်ကြစေရန် သိထားစေလိုပါသည်။
Crd : မူရင်းရေးသားသူ ။
ဒေါ်မေသူ(အထက်တန်းရှေ့နေ)
#အိမ်ခြံမြေ #ပါမစ် #ဗဟုသုတ