
အိမ်ခြံမြေဗဟုသုတ .. (2)
#အိမ်ခြံမြေ #ရောင်းခွန် #ဝယ်ခွန်
အိမ်ခြံမြေ အရောင်းဝယ်ပြုလုပ်ကြသည့်အခါ ဝယ်သူကလည်းဝယ်ခွန်ဆောင်ရသလို၊ ရောင်းသူကလည်းရောင်းခွန်ဆောင်ရမည့်တာဝန်သည် နဂိုမူလကတည်းကရှိပြီးသားဖြစ်ပါတယ်။
မြေကွက်တစ်ကွက်ကိုအခွန်ဆောင် အမည်ပြောင်းမည်ဆိုပါက ပုံမှန်အားဖြင့် ဝယ်သူသည်သာ ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကြေး စသည့်အခွန်တို့ကို ဆောင်ရပါတယ်။
သက်ဆိုင်ရာအခွန်ရုံးမှ ရောင်းချသူများထံ ရောင်းခွန်(အမြတ်တော်ခွန်) အားလာရောက်ဆောင်ရန် အကြောင်းကြားစာပေးပို့တယ်။ ဆောင်သူရှိသလို မဆောင်သူများလည်းရှိပါတယ်။
ရောင်းသူဘက်မှ ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးသည့်အခါ အချိန်တန်လျှင် တံဆိပ်ခေါင်းခွန်ဆောင်ပြီးဆိုသည့်နှင့်တပြိုက်နက် ပတခ(ဝင)-၈ စာရွက်အားထုတ်ပေးပါတယ်။ ထိုအခါမှသာ တံဆိပ်ခေါင်းများဖြင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုကြပါတယ်။
ယခုကတော့ အရင်လိုမဟုတ်တော့ပါဘူး။အခွန်ဦးစီးဌာနတွေက ရောင်းသူဘက်ကိုလည်း အခွန်လိုက်နေပါတယ်။ ရောင်းခွန်လိုက်တာပြဿနာမဟုတ်ပေမဲ့ ဝယ်သူအနေဖြင့်ဆိုလျှင် ကိုယ့်ဝယ်ခွန် ကိုယ်ဆောင်ရတာပင်လျှင် အခက်အခဲတချို့ကြုံနေရပါတယ်။
Htut ( daddy Amara&Thatoe) SanLin, [9/24/2024 4:29 PM]
ဒါဟာဘာလဲဆိုရင် ဝယ်သူဟာဝင်ငွေခွန်အရင်ဆုံးဆောင်ပါတယ်။ ဝင်ငွေခွန်ဆောင်ပြီးလို့ တံဆိပ်ခေါင်းခွန်ဆောင်ရန်အတွက်ယခင်ကလို သတ်မှတ်ရက်နေ့လာဆောင်ပါလို့အခွန်ရုံးမှ မချိန်းပေးတော့ပါဘူး။
အခွန်ရုံးအနေဖြင့် ရောင်းသူဘက်ကို မိမိရောင်းချထားသည့်မြေကွက်နှင့်စပ်လျဥ်းပြီးရောင်းခွန်လာရောက်ဆောင်ဖို့ကို ရုံးစာဖြင့် စာတိုက်ကနေတစ်ဆင့်ပေးပို့ပြီးလာရောက်ဆောင်ခိုင်းနေပါပြီ။
ထိုအခါမှာ ဝယ်သူအနေနဲ့အချိန်ကြန့်ကြာမှုတွေဖြစ်ပေါ်လာပါပြီ။ တချို့အရောင်းအဝယ်တွေမှာဆိုရင်ရောင်းသူ( sp)ကိုင်ထားသူမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်ကြီးလိုက်ချုပ်ပေးသည့်နေ့တွင် ကျန်ငွေအချို့အားပေးချေရန် ကတိကဝတ်ထားပြီး အရောင်းအဝယ်မပြတ်သေးသည့် ကိစွရပ်မျိုးတွေမှာဆိုရင် ရောင်းသူဘက်မှ ရောင်းခွန်လာမဆောင်ပေးပါ ဝယ်သူအနေနဲ့ ဒုက္ခရောက်ရတာမျိုးတွေရှိနိုင်ပါတယ်။
အချို့ဝယ်ယူသူတွေဆိုရင် ရောင်းသူဘက်မှရောင်းခွန်လာမဆောင်မချင်း စာချုပ်ကြီးမချုပ်သေးဘဲ စောင့်ဆိုင်းတာမျိုးလည်းရှိပါတယ်။
ရောင်းသူဘက်မှ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက်ဆောင်ပေးပြီးမှသာ ဝယ်သူကိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်းခိုင်းပါတော့တယ်။ တံဆိပ်ခေါင်းတွေရမှသာ စာချုပ်ကြီးချုပ်တဲ့အဆင့်ပြီးပါတယ်။
Htut ( daddy Amara&Thatoe) SanLin, [9/24/2024 4:30 PM]
အချို့ရောင်းသူတွေဆိုလျှင် ငွေဖြူလိုချင်၍ မြေကွက်ရောင်းတိုင်း၊ ရောင်းတိုင်းမှာ ရောင်းခွန်ဆောင်နေကြသူတွေလည်း ရှိပါတယ်။ တချို့ရောင်းသူတွေကြ ရောင်းပြီးပြီမဆိုင်တော့ဘူးဆိုပြီး မဆောင်ကြတာရှိပါတယ်။
(ယခုကတော့မဆောင်လို့မရတော့ပါဘူး။)
တချို့အခွန်ဆောင်အမည်ပြောင်းရာမှာ ဂရန်အမည်ပေါက်ဆီကဝယ်သူက အမည်ပေါက်နှင့်တိုက်ရိုက် အရောင်းအဝယ်စာချုပ်ချုပ်ကြတာရှိသလို၊ ဂရန်အမည်ပေါက်သူစီမှ SP or GP ရယူထားသူနဲ့ အရောင်းအဝယ်စာချုပ်ကြီးချုပ်ဆိုကြတာတွေလည်းရှိကြပါတယ်။
SP or GP ယူထားသည့်ရောင်းသူဆီကို အခွန်မလိုက်ဘူးဟုမထင်ပါနှင့်။ ရာဖြတ်တင်သည့်စာချုပ်၌ sp or gp သမားနှင့် အရောင်းအဝယ်ချုပ်ဆိုထားခဲ့ပါက အဆိုပါမြေကွက်၏ ရောင်းခွန်သည်လည်း ထို sp or gp သမားထံ အခွန်ရုံးမှစာပို့ပါသည်။ဒါကိုဘာလို့ပြောရလဲဆိုရင်အချို့ဝယ်ရောင်းကောက်သည့်သူများသိစေလိုပါတယ်။
အမည်ပေါက်ဆီကဝယ်ပြီး ပြန်ရောင်းမှာဘဲဆိုပြီး sp သာယူထားကြတယ်။ နောက်ဝယ်သူကို ကိုယ်က sp ကိုင်ပြီး လိုက်လံဆောင်ရွက်ပေးကြတဲ့အခါ ယခုလို sp သမားတွေဆီလည်းအခွန်လိုက်ကြတာကိုသိထားဖို့လိုပါမယ်။
ဒါ့ကြောင့် SP ယူထားတိုင်းလည်းမကောင်းပါဘူးနော်။ SP /GP ယူထားသူတွေ ရောင်းခွန်က ကိုယ့်ဆီလည်းရောက်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်ဟုအကြံပြုရင်း .....